Spread the love

ရန်ကုန်၊မတ်(၂၀)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်။ ပီမီုးနင်းလမ်းပေါ်မှာ မနေ့ညကပိုင်းက လှည့်ကင်းလှည့်ဖို့ လူစုနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ သတင်းပေးလမ်းပြအဖွဲ့ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“မနေ့ည(၁၀)နာရီကျော်လောက်က စစ်ခွေးတစ်သိုက်နဲ့ သူ့မယားပါသားတွေ ကင်းလှည့်ဖို့ လုပ်နေတုန်း ဗုံးနဲ့အပစ်ခံရတာ၊ လူတွေလမ်းပေါ် မထွက်တဲ့အချိန် မဟုတ်တာလုပ်ဖို့ ကြံနေတဲ့အဖွဲ့ တော်တော်လေးထိတယ်လို့တော့ ကြားရတယ်၊ ညပိုင်းဆိုတော့ ထွက်မကြည့်ကြလို့ စာရင်းတော့မသိရသေး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်မှုကို Yangon Underground Force နဲ့ Black Eagle Ranger က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မနေ့ ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၈) ရက် မနက်ပိုင်းကလည်း ရန်ကုန်မြို့ တော်လှန်ရေးအင်အားစုတွေက စုပေါင်းပြီး လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်း သောင်ကြီးရဲစခန်း ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။