Spread the love

ရန်ကုန်၊ မတ် (၂၁)

ဗိုလ်သူရိန်တပ်ရင်း အနေနဲ့ လက်နက်တွေကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်တယ်လို့ ဒီနေ့ ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

“စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့အတွက် အားပေးထောက်ပံ့ကူညီပေးကြသော မိဘပြည်သူများ ခဗျာ မိဘပြည်များ၏ စွမ်းစွမ်းတမံ ကူညီပေးမှုကြောင့် ကျွန်တော်တို့ ဗိုလ်သူရိန်တပ်ရင်း မှ လက်နက်များကို ထုတ်လုပ်အောင်မြင်နေပြီ ဖြစ်ပါတယ်။ စစ်ခွေးများနဲ့ တိုက်ခိုက်ရာမှာလည်း ထိရောက်မှုများရှိပြီး စခတွေကို အထိနာအောင်ပြုလုပ်နိုင်တဲ့အထိ သက်ရောက်မှုတွေရှိပါတယ်။” Bo Thurain -YinmabinPdf က အသိပေးပြောကြားပါတယ်။

သေနတ်တစ်လက် ပြုလုပ်ဖို့အတွက် ငွေကျပ်တစ်သိန်းခွဲဝန်းကျင် ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့နဲ့ တိုက်ပွဲထဲအတူ မပါဝင်နိုင်ဘူးဆိုရင်တောင် ကျွန်တော်တို့အတွက်သေနတ် တိုက်ခိုက်ရေးပစ္စည်းများ ထုတ်လုပ်နိုင်ဖို့အတွက် ကူညီထောက်ပံ့ပေးတာကလည်း ကျွန်တော်တို့နဲ့အတူ တိုက်ပွဲထဲဝင်တိုက်ရသလိုပါပဲ။ ကျွန်တော်တို့PDFများ နှင့် မိဘပြည်သူများ အတူတကွလက်တွဲပြီး အပြန်အလှန်ကူညီကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်ဖို့ အဆုံးထိတိုက်ပွဲဝင်ကြပါစို့။” ဗိုလ်သူရိန်တပ်ရင်း က တိုက်တွန်းပြောဆိုထားပါတယ်။