Spread the love

ရန်ကုန်၊ မတ် (၂၂)

ဗိုလ်ယက္ခ ရင်း (၁) မှူး၊ တပ်ရင်း (၁) က စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံး ပျက်စီးမှုရှိတယ်လို့ သူတို့က အဖွဲ့က ပြောပါတယ်။

“မြောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်း ထိခိုက်သေဆုံးပျက်စီးမှုရှိသည်ကို သိရှိရသော်လည်း တိုက်ခိုက်ပြီးသည်နှင့် ပြန်လည်ထွက်ခွာလာခဲ့သောကြောင့် စကစထိခိုက် သေဆုံးစာရင်းကို ထုတ်ပြန်နိုင်ခြင်း မရှိသေး” ဘူးလို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မဟာမိတ်ညီနောင် (၃) ဖွဲ့ပေါင်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို မနေ့ည (၇) နာရီ (၁၅) မိနစ်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။

ဗိုလ်ယက္ခ ရင်း (၁) မှူး၊ တပ်ရင်း (၁) က ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့မှာ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာ ကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ခဲယမ်းတွေ ချပေးထားတဲ့ ရွာဖြစ်လို့ အကြမ်းဖက်ရွာအဖြစ် သတ်မှတ်တယ်လို့ ကြေညာခဲ့ပါတယ်။

ကြွယ်ပုံရွာ ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နန်းအောင် က ဦးစီးကာ စစ်ကောင်စီ အလိုကျ ပျူစောထီးသင်တန်း ပေးနေတာ ဖြစ်ပါတယ်။