Spread the love

ရန်ကုန်၊ မတ် (၂၃)

ခမရ (၃၆၇) တပ်ရင်း ကို PDF အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးပို့နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ တွန်နိမ်ကျေးရွာနေ ပွဲမောင် ကို သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ ဖောင်းပြင်မြို့နယ်၊ ပင့်ကူနက်အဖွဲ့က ပြောပါတယ်။

ပွဲမောင် ကို မနေ့ မနက် (၁၁) နာရီ (၄၅) မိနစ်မှာ “လူပြည်မှ ငရဲသို့ စရိတ်ငြိမ်း သွားခွင့်ကို ခွင့်ပြုလက်မှတ် ထုတ်ပေးလိုက်တာ” ဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြည်သူ့တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲဖို့ ကြိုးစားနေလို့ ပွဲမာင်ကို ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပင့်ကူနက်အဖွဲ့အနေနဲ့ ရွှေပြည်တော်သို့ဆုံမှတ်အဖွဲ့ က ငမျိုး ဆိုသူကို မကြာခင်မှာ သုတ်သင်ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ကြေညာထားပါတယ်။