Spread the love

ရန်ကုန်၊ မတ် (၂၃)

စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ ဒေါက်တိုင်တွေ အနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို အနိုင်ကျင့် ဖမ်းဆီး လုယက်တာတွေ နောက်ထပ်မပြုလုပ်ဖို့ ရာစုသစ်တော်လှန်ရေးသေမင်းလက်ရာအဖွဲ့ တာဝန်ခံ ဗိုလ်လက်ဝဲ က သတိပေးပြောဆိုလိုက်ပါတယ်။

“မိမိတို့ သတိပေးနေချိန်မှစ၍ နောက်ထပ် စစ်ကောင်စီအား သတင်းပေးခြင်း အပြစ်မဲ့ ပြည်သူများအား မတရားဖမ်းဆီး နှိပ်စက်ခြင်းများ ထပ်မံ ပြုလုပ်မည်ဆိုပါက သင်တို့နှင့် သင့်တို့မိသားစုဝင်များ၏ အသက်အန္တရာယ်ကို အာမခံမည် မဟုတ်ကြောင်း” သူက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့အတွင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေမှူးတွေ၊ ရပ်ကွက်လူကြီးတွေ မတ်လ (၂၂) ရက်နေ့ကစတင်ပြီး အမြန်ဆုံးနှုတ်ထွက်ဖို့ကိုလည်း သူက သတိပေးပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့က မအူပင်မြို့၊ မလတ်တိုကျေးရွာ ရဲစခန်းက ရဲတစ်ဦးကို ရာစုသစ်တော်လှန်ရေးသေမင်းလက်ရာအဖွဲ့ သုတ်သင်ခဲ့ပါသေးတယ်။