Spread the love

ရန်ကုန်၊ မတ် (၂၈)

ရန်ကုန်မြို့၊ ဘုရင့်နောင် ၅၃၂ တပ်ရင်းနားမှာ အဝေးထိုင်းမိုင်း (၂) လုံးပေါက်ကွဲခဲ့ပြီး ဖောက်ခွဲမှုပြုလုပ်ချိန် လမ်းသွားလမ်းလာ ပြည်သူ (၃) ဦး ထိခိုက်သွားတဲ့လို့ Gods Of Death က အနူးအညွတ်တောင်းပန်တယ်လို့ ပြောပါတယ်။

“ယခုဖောက်ခွဲမှုအား ရန်ကုန်မြို့အား စကစ မှ ယခုအချိန်ထိ ထိန်းချုပ်၍ မရနိုင်ကြောင်း သွေးမအေးကြောင်း ပြသခြင်း ဖြစ်သည်။ ကျနော်တို့ G.O.D အနေဖြင့်လည်း မဟာမိတ် Ygn Pdf အဖွဲ့နှင့်ပူး‌ပေါင်းကာ ယခုမှစ၍ မြို့နယ်စုံ ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်တော့မည် ဖြစ်သဖြင့် ပြည်သူများအနေဖြင့်လည်း အသွားအလာ သတိပြု ဆင်ခြင်ကြ” ဖို့ကိုလည်း မနေ့ညပိုင်း ထုတ်ပြန်ချက်မှာ အသိပေး မေတ္တာရပ်ခံထားပါတယ်။

ဘုရင့်နောင် ၅၃၂ တပ်ရင်နားမှာ မနေ့ ည (၆) နာရီ (၁၅) မိနစ်က တစ်ကြိမ်၊ (၆) နာရီ (၂၅) မိနစ်က တစ်ကြိမ် အဝေးထိန်းမိုင်းနဲ့ ဖောက်ကွဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“နောက်နောင်မှာလဲ ဆက်လက် တိုက်ခိုက် သွားမှာဖြစ်ပြီး အလံမလိပ် တပ်မခေါက်ပဲ အဆုံးထိ လျှောက်လှမ်းသွားပါမယ်။ပြည်သူများဘက်မှလဲ နိုင်ရာတာဝန်ထမ်းပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းအပ်ပါတယ်။ ကျုပ်တို့အဖွဲဝင်များအနေနှင့်လဲ သတိပေးတားမြစ်မှုများ ပြုလုပ်ပီးဖြစ်ပါသောကြောင့် Mission အတွက် တစ်ရှိန်ထိုးသွားတော့မည်ဖြစ်သဖြင့် ပြည်သူများအထိခိုက်ကင်းစေရန်ကျွန်ုပ်တို့ရဲ့တားမြစ်နေရာများအား ရှောင်ကျဉ်ခြင်းဖြင့်ကူညီပေးကြဖို့” Gods Of Death နဲ့ Ygn Pdf အဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

မနေ့ညပိုင်းကလဲ ပြည်သူတွေအနေနဲ့ လမ်းတွေပေါ်ကျနေတဲ့ ပါဆယ်ထုတ်တွေ၊ ပုံးတွေ စတာပစ္စည်းတွေကို ကောက်ယူဖွင့်ကြည့် စပ်စုတာ မပြုလုပ်ဖို့ LITTLE HERO, M.D.P.D.F, North Dagon People Revolution force အဖွဲ့ ရဲဘော်တွေက အထူးအလေးအနက် မေတ္တာရပ်ခံစာကို ထုတ်ပြန်ခဲ့ပါသေးတယ်။