Spread the love

ရန်ကုန်၊ မတ် (၂၈)

ပြည်သူတွေအနေနဲ့ လမ်းတွေပေါ်ကျနေတဲ့ ပါဆယ်ထုတ်တွေ၊ ပုံးတွေ စတာပစ္စည်းတွေကို ကောက်ယူဖွင့်ကြည့် စပ်စုတာ မပြုလုပ်ဖို့ PDF အဖွဲ့ (၃) ခုက အထူး အထူး သတိပေး ပြောကြားလိုက်ပါတယ်။

မနေ့ ည (၈) နာရီ (၃၀) က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်မှာ PDF ရဲဘော်တွေက Mission အတွက် အချိန်ယူပြင်ဆင်ထားတဲ့ အထုတ်တစ်ထုတ်ကို အလိုက်မသိတဲ့ ပြည်သူတစ်ဦးက အထုတ်ကို ဖွင့်ပြီး ပြန်ပစ်ချကာ မောင်းပြေးချိန်မှာ မိုင်း Error ဖြစ်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အခုလို အထုတ်တွေကို စပ်စုတာ မပြုလုပ်ဖို့ PDF အဖွဲ့ (၃) ဖွဲ့က သတိပေး ပြောဆိုလိုက်တာပါ။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် ပြည်သူတစ်ဦး တစ်ယောက်မှ ထိခိုက်တာ မဖြစ်ခဲ့ဘူးလို့ သူတို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

UG တွေအနေနဲ့ Mission တစ်ခုပြုလုပ်မယ်ဆိုပါက နောက်ကွယ်မှာ အချိန်၊ လူ၊ ငွေအင်အား အမြောက်အများ သုံးစွဲပြီး ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတာဖြစ်လို့ သတိပေးစာတွေကို လိုက်နာပေးကြပါလို့ သူတို့က မနေ့ညပိုင်း ထုတ်ပြန်ချက်မှာ အနူးအညွှန့် တောင်းဆိုထားပါတယ်။

အခုလို အထူးအလေးအနက် မေတ္တာရပ်ခံစာကို LITTLE HERO, M.D.P.D.F, North Dagon People Revolution force က ရဲဘော်တွေ စုပေါင်းထုတ်ပြန်ခဲ့တာပါ။