ရန်ကုန်၊ မတ် (၂၃) ခမရ (၃၆၇) တပ်ရင်း ကို PDF အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးပို့နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ တွန်နိမ်ကျေးရွာနေ ပွဲမောင် ကို သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ ဖောင်းပြင်မြို့နယ်၊ ပင့်ကူနက်အဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၂) မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု နဲ့ တခြားကြမ်းကြုတ် ရက်စက်မှုတွေကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၂) လေပြင်းမုန်တိုင်းတိုက်ခတ်လို့ ပျက်စီးသွားတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်ဘေးရှောင်စခန်း အဆောင်အသစ်တွေ ပြန်လည်တည်ဆောက်ဖို့ အကူအညီလိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၂) အခုလက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ PDF ရဲဘော်တွေရဲ့ အင်အားဟာ နေပြည်တော်ကို ခြိမ်းခြောက်နေနိုင်ပြီဖြစ်ပြီး စိုးမိုး သိမ်းပိုက် ထိန်းချုပ်နိုင်တဲ့ အဆင့်ကို မကြာခင် ရောက်ရှိတော့မှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၂) ဗိုလ်ယက္ခ ရင်း (၁) မှူး၊ တပ်ရင်း (၁) က စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံး ပျက်စီးမှုရှိတယ်လို့ သူတို့က အဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၁) ဗိုလ်သူရိန်တပ်ရင်း အနေနဲ့ လက်နက်တွေကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်တယ်လို့ ဒီနေ့ ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၁) ထိုင်းနိုင်ငံ၊ ပကျွတ်ခီလီပြည်နယ်ကနေ ဘန်ကောက်မြို့ကို သွားတဲ့ လမ်းမကြီးပေါ်မှာ တရားမဝင်အလုပ်သမားတွေ သယ်ဆောင်လာတဲ့ ကားတစ်စီး တိမ်းမှောက်ခဲ့လို့ မြန်မာနိုင်ငံသား (၆) ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသံမှူးရုံး က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၁) နိုင်ငံ့အပေါ် သစ္စာမဲ့တဲ့ ဝန်ထမ်းတချို့က CDM ပြုလုပ်ခဲ့လို့ ကျန်းမာရေး၊ ပို့ဆောင်ရေး အပါအဝင် လိုအပ်တဲ့ နေရာစုံ ကဏ္ဍစုံတွေကို တပ်မတော်သားပညာရှင်တွေ နဲ့ သစ္စာရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေက ဝင်ရောက်ဖြည့်ဆည်း ဆောင်ရွက်နေရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၁) အာဆီယံအထူးကိုယ်စားလှယ် ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ အသံကို လုံးဝတန်ဖိုးမထား၊ အသိအမှတ်မပြုဘဲ အကြမ်းဖက်စစ်အုပ်စုကို အားပေးအားမြှောက်ပြုတဲ့ လုပ်ရပ်ဖြစ်လို့ တော်လှန်ရေးအင်အားစုများ (GSCB) က အခုခရီးစဉ်ကို ပြင်းထန် ကန့်ကွက် ရှုတ်ချတယ်လို့ ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၀) KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်အတွင်းက ကျောက်ကြီးမြို့နယ်၊ ကွီးလားကျေးရွာနဲ့ ဆောထိမြို့နယ်၊ တကက်ပူကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဒီနေ့ မနက် (၂) နာရီဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ် ကရင်အမျိုးသားအစည်းအရုံး KNU က ပြောပါတယ်။

read more