ရန်ကုန်၊ မတ် (၉) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၁) ရပ်ကွက်၊ ရန်ကြီးအောင်လမ်းထဲမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရုံးမှာ တပ်စွဲဖို့ပြင်ဆင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့ မနက် (၅) နာရီ (၁၅) မိနစ်က ဗုံးပစ်တိုက်ခိုက်ခဲ့လို့ ရန်သူတချို့ ထိခိုက်မှုရှိနိုင်တယ်လို့ Yangon Federal Army ရဲ့ ဦးစီးမှူးဖြစ်သူ ကိုကျော်လေး က ပြောပါတယ်။

read more

ရန်ကုန်၊မတ်(၈) ရုရှား ရဲ့ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံကနေ မိုင် ၆၀၀ ကွာဝေးတဲ့ ဆလိုဗားကီးယား ကို လူကြီးမိဘတွေမပါဘဲ တစ်ယောက်ထဲ စစ်ရှောင်လာတဲ့ အသက် (၁၁) နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးကို သူရဲကောင်းအဖြစ် ပြည်သူတွေက ချီးကျူးဂုဏ်ပြုနေပါတယ်။

read more

ရန်ကုန်၊ မတ် (၈) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခုမတ်လ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး အင်တာနက်လိုင်းတွေ ပြန်မဖွင့်ပေးပါက ဆက်သွယ်ရေး တာဝါတိုင်တွေကို ဖျက်ဆီးသွားမှာ ဖြစ်တယ်လို့ အနက်ရောင်အိန်ဂျယ်တပ်ဖွဲ့ က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၈) အာဏာသိမ်း စစ်ကောင်စီက ပြည်သူတွေကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်ဖို့ သစ်တော၊ သတ္တု နဲ့ ကျောက်မျက်ရတနာ အပါအဝင် သယံဇာတပစ္စည်းတွေကို ထုတ်ယူရောင်းချပြီး သူတို့ရဲ့ အင်အားကို ဖြည့်တင်းနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

read more

ရန်ကုန်၊မတ်(၈) ဥရောပသမဂ္ဂ နဲ့ နိုင်ငံတချို့က ရုရှား-ယူကရိန်းအရေးမှာ ကြားနေနိုင်ငံအဖြစ် ပါဝင်တဲ့ ပါကစ္စတန် ကို ရပ်တည်ချက်ပြောင်းလဲဖို့ တောင်းဆိုလိုက်တဲ့အတွက် မင်းတို့ကျွန်တွေမဟုတ်လို့ ဘာပြောပြောလိုက်လုပ်မှာ မဟုတ်ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၈) မြောက်ဒဂုံမြို့နယ်က မြို့မရဲ့သင်တန်းကျောင်းမှာ သင်တန်းဆင်းပွဲ အကြိုလေ့ကျင့်ရေး ပြုလုပ်နေချိန် လက်ဗစ်ဗုံးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတွေ ထွက်လာချိန်မှာ (၄၀) မမနဲ့ ထပ်မံ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူ အများအပြားရှိနိုင်တယ်လို့ နွေဦးညီအစ်ကိုများအင်အားစု က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၆) ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက တိုက်ပွဲပေါင်း (၂၉၈) ကြိမ်ဖြစ်ပွားခဲ့လို့ အာဏာသိမ်းစစ်ကောင်စီတပ် နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဘက်က (၃၀၅) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ (၂၀၉) ဦး ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၆) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ နဲ့ ကျောက်ဆည်ကန်အနီး မနေ့က တစ်နေ့ကုန် နီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က (၃၅) ဦး ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးတာဝန်ခံက ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊မတ်(၅) ယူကရိန်းဘက်ကနေ ပါဝင်တိုက်ခိုက်ပေးမယ့် နိုင်ငံတကာ စေတနာ့ဝန်ထမ်းတွေကို ဖမ်းမိရင် စစ်သုံပန်းအခွင့်အရေးရမှာ မဟုတ်ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊မတ်(၅) မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ချင်းသပြေပင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးနန်းတင် နဲ့ ဒလန်လို့ လူပြောများနေတဲ့ ဦးဌေးမောင် တို့ မနေ့ညပိုင်းမှာ သေနတ်ပစ်ခံရတဲ့အတွက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more