Spread the love

ရန်ကုန်၊ ဧပြီ (၁)

ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခံရလို့ အရာခံဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ပြီး တပ်သား (၂) ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီး ၄၀ မမ နဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ Non CDM (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီးရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ နေ့လည်ပိုင်းက ကင်းလှည့်နေချိန် အမှတ် (၆) ချည်/ထည်စက်ရုံ (ဆားလင်းကြီး) အဆောင်နားအရောက်မှာ SGZL PDF အဖွဲ့က အခုလို ပဒေသာမိုင်း (၁၀) လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

SGZL PDF အဖွဲ့အနေနဲ့ အခုပြုလုပ်ခဲ့တဲ့ Mission အတွက် ငွေကျပ် (၁၀) သိန်း ကုန်ကျခဲ့တယ်လို့ သူတို့အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကျေးရွာတွေအတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန်တွေကို ရှင်းလင်းမယ်ဆိုပါက ကျေးရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ခံတွေကို အသိပေးအကြောင်းကြားဖို့ အထူးမေတ္တာရပ်ခံစာကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့မှာ SGZL PDF က ထုတ်ပြန်ခဲ့ပါတယ်။