Spread the love

ရန်ကုန်၊ ဧပြီ (၁၁)

ပျူစောထီးအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ လင်းအောင်(ခ) ဖိုးဂန်၊ နိုင်ဦး တို့ကို ရှင်းလင်းလိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – လောင်းလုံမြို့နယ် က ပြောပါတယ်။

ပျူစောထီးအဖွဲ့ဝင် လင်းအောင်(ခ) ဖိုးဂန် ဟာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ပြည်သူတွေကို ခြိမ်းခြောက်ပြောဆိုတတ်သူဖြစ်လို့ ဧပြီ (၇) ရက် မနက် (၁) နာရီဝန်းကျင်က သုတ်သင်ရှင်းလင်းလိုက်တာပါ။

စစ်ကောင်စီ လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင် ရဲသတင်းပေး နိုင်ဦး ဟာလည်း ညှင်းမော်ကျေးရွာက လူနေထိုင်ရာ ခြံဝင်းအတွင်း လောင်းကစားဝိုင်းတွေကို ဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်လို့ ဧပြီ (၇) ရက် မနက် (၆) နာရီခွဲကျော်က သုတ်သင်ရှင်းလင်းလိုက်တာ ဖြစ်တယ်လို့ LLPDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo- LLPDF (သုတ်သင်ရှင်းလင်းခံရသူ)

ညှင်းမော်ကျေးရွာ Mission မှာ နိုင်ဦး ခန္ဓာကိုယ်က ဖောက်ထွက်လာတဲ့ ကျည်ဆံဟာ လမ်းသွားလမ်းသာ ပြည်သူ့အစ်မတစ်ဦးရဲ့ လက်ဖဝါးကို အနည်းငယ် ထိမှန် ပွန်းပဲ့သွားတဲ့အတွက် တောင်းပန်ပါတယ်လို့ Launglone People Defence Forces က ရေးသားထားပါတယ်။

“အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ပူးပေါင်းပါဝင်နေသော ပျူစောထီးများ၊ ပျူစောထီးအဖွဲ့ဝင်များအား စစ်ကောင်စီ လက်ကိုင်တုန် တောက်တိုင်များအား ကျွန်တော်တို့ ဆက်လက်ချေမှုန်းသွား” မှာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

စစ်ကောင်စီ သတင်းပေးဒလန်တွေဖြစ်တဲ့ အဖေဖြစ်သူ ဦးဇော်မင်း နဲ့ သားဖြစ်သူ ဦးအောင်အောင် ကိုလည်း Launglone People Defence Forces က ဧပြီလ (၈) ရက်နေ့က သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။