Spread the love

ရန်ကုန်၊ ဧပြီ (၁၁)

စစ်ကောင်စီက ဦးစီးကျင်းပမယ့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကမ်းနားလမ်းမှာရှိတဲ့ စည်ပင်ရေကစားဗဟိုမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“ည ၈ ခွဲလောက်မှာ ဗုံးပေါက်တာပါ။ ခုကလူလည်း မရှိသေးတော့ ထိခိုက်ဘာညာတော့ မကြားမိဘူး။ မဏ္ဍပ်ကတော့ ထိခိုက်တာရှိတယ် ပြောတယ်။ သူတို့ဘာသာသင်္ကြန် မဏ္ဍပ်ဆောက်နေတာ ဘယ်သူမှလည်းစိတ်မဝင်စားပါဘူး” လို့ မကွေးဒေသခံတစ်ဦးက ပြောပါတယ်။

ဖောက်ခွဲမှုကို မကွေးတိုင်းဒေသကြီးတပ်တော် MDA-နဂါးတပ်ဖွဲ့ က သတိပေးတဲ့အနေနဲ့ မနေ့ညပိုင်းက ဗုံးခွဲခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သင်္ကြန်ကာလမှာ သင်္ကြန်ရေကစားမဏ္ဍပ်ကို သွားရောက်တာ မပြုလုပ်ဖို့ သူတို့အဖွဲ့က သတိပေး ပြောကြားထားပါတယ်။

Photo- CJ

စစ်ကောင်စီက မကွေးမြို့မှာ လက်ရှိ ဗုံးခွဲခံရတဲ မကွေးမြို့ကမ်းနားလမ်းက ဗဟိုမဏ္ဍပ် နဲ့ ဝန်ကြီးဌာနမဏ္ဍပ် (၆) ခု၊ စုစုပေါင်းမဏ္ဍပ် (၇) ခုမှာ သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ ယိမ်းအကအလှ၊ ဖျော်ဖြေရေး အစီအစဉ်အပါအဝင် ရေကစားလာကြမယ့် ပြည်သူတွေကို စတုဒီတာမုန့်ကျွေးပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (၈) ရက်နေ့ ညနေပိုင်းကလဲ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်ဝန်မဏ္ဏပ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

CC