Spread the love

ရန်ကုန်၊ ဧပြီ (၁၁)

ဒီနေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လယ်ကိုင်းတိုက်ဓမ္မဓရသာသန္တရကောလိပ် ကျောင်းရှေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ ကားပေါ်ပါလာသူ (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ကားလာတဲ့အချိန်နဲ့ ဗုံးပေါက်ချိန် ကွက်တိတိုးပြီး ကားပေါ်ပါလာ သူတွေထိတာ။ ကားလည်းထိတယ်။အကုန်လုံးဆေးရုံခေါ်သွားတယ်။ ဒဏ်ရာကတော့ ပြင်းတယ်လို့ ကြားတယ်။ ကားကတော့ ဘုရားဖူးလာတဲ့ ကားလို့ပြောကြတယ်။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၂လမ်း၊ ၂၉လမ်း နဲ့ ၃၀ လမ်းကြား၊ လယ်ကိုင်းတိုက်ဓမ္မဓရ သာသန္တရကောလိပ် ကျောင်းရှေ့ လမ်းလယ်ကျွန်းပေါ်က ပန်းခုံအတွင်း ထောင်ထားတဲ့ လက်လုပ်မိုင်းပေါက်ကွဲခဲ့လို့ အမျိုးသား (၂) ဦးနဲ့ အမျိုးသမီး (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

Photo- CJ

ပေါက်ကွဲမှု ဖြစ်ပွားတဲ့အနီးမှာ နောက်ထပ်မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံး ထပ်မံတွေ့ရှိခဲ့ကာ စစ်ကောင်စီဘက်က လမ်းပိတ်ဆို့ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

CC