Spread the love

ရန်ကုန်၊ ဧပြီ(၁၅)

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ အရက်မူးနေတဲ့ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒုတပ်ကြပ်ဇင်မျိုးကိုကို သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ကညပိုင်းမှာ ဖြစ်တာ၊ သူကဝေါမှာ တာဝန်ကျနေတာ၊ သူတို့အချင်းချင်း အရက်မူးပြီး ပစ်တာလို့သိရတယ်၊ ဝေါကနေ ဒိုက်ဦးကို အရက်လာသောက်တာ ထင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒုတပ်ကြပ်ဇင်မျိုးကိုကို သေဆုံးတာနဲ့ပတ်သက်ပြီး ဝေါ PDF က ဒီနေ့မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

“ဇင်မျိုးမျိုးကိုကို မှာ ဝေါမြို့က NLD PDF တွေကို အဓိကထား နှိပ်ကွက်နေသူတစ်ဦးဖြစ်၍ သူ့အကုသိုလ်နဲ့ သူသွားပြီဖြစ်ကြောင်း သတင်းကောင်ပါးအပ်ပါတယ်” လို့ ဝေါ PDF က လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ရဲတပ်ဖွဲ့ဝင်အချင်းချင်း အရက်သောက်စားကာ ပစ်ခတ်မှုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတာမတွေ့ရှိရသေးပါဘူး။