Spread the love

ရန်ကုန်၊ ဧပြီ (၂၀)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့သမီးဖြစ်သူ ပိုင်ဆိုင်တဲ့ ဟိန်းစည် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောချက်အရ သိရပါတယ်။

“မနေ့က နေ့လည်လောက်ကြီးဖြစ်တာ ပြောတယ်။ အဲ့လိုဖြစ်တာ သိသိချင်းဆိုအပြင် ပိုမထွက်ရဲဘူး။ သိရတာတော့သိန်း ၂၅၀ နဲ့ အလုပ်သမားတွေရဲ့ ဖုန်းတွေယူသွားတယ်။လက်နက်တွေပါတယ်။ ဘယ်အဖွဲ့က လုပ်လဲဆိုတာကတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက C8News ကို ပြောပါတယ် ။

ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်၊ ဝိပဿနာလမ်း နဲ့ ဖောင်တော်ဦးလမ်းထဲက ဟိန်းစည် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ မနေ့ နေ့လည် (၂) နာရီက ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့တာပါ။

မျက်နာဖုံးအုပ်ထားတဲ့အမျိုးသား (၆) ဦးဟာ ဆိုင်ထဲဝင်လာပြီး ဆိုင်ဝန်ထမ်းတွေရဲ့ ဖုန်းကိုသိမ်းပြီး ပိုက်ဆံသိန်း ၂၅၀ ကိုယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဓါးပြတိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်သွားတယ်ဆိုတာကို ထုတ်ပြန်တာမျိုးမရှိသေးသလို ရဲဘက်ကလည်း မထုတ်ပြန်သေးပါဘူး။

CC