Spread the love

ရန်ကုန်၊ ဧပြီ (၂၂)

ပြည်တွင်းရွှေဈေးကွက်ကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ တွက်ချက် ဈေးဖွင့်နိုင်တာ မရှိသေးဘဲ ရောင်းဝယ်သူတွေရဲ့ ခေါ်ဈေးကိုသာ ဈေးဖွင့်ရာင်းချနေရဆဲ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ရွှေက ဘဏ်သတ်မှတ်ချက် ဈေးနဲ့ မဖွင့်နိုင်သေးပါဘူး။ ကိုယ်ကရောင်းတော့ ဘဏ်ဈေးနဲ့ ရောင်းရပြီး ပြန်ဝယ်တော့ ပြင်ပပေါက်ဈေးနဲ့ ဝယ်ရတဲ့အခါ ဘယ်သူကမှ အဲ့ဈေးနဲ့ မရောင်းကြဘူး။ ရွှေကလည်း အဝယ်ပဲရှိတယ်။ အရောင်းမရှိဘူး။ ဝယ်သူက ခေါ်ဈေးနဲ့ ပဲဈေးသတ်မှတ် ရောင်းနေရတယ်။” လို့ ရွှေလုပ်ငန်းရှင်တစ်ဦး က ပြောပါတယ် ။

၂၀၂၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ကစပြီး ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ တွက်ချက်ကာ ရွှေဈေးကို ဖွင့်ဖို့သတ်မှတ် လိုက်ပေမယ့် မြေပြင်အခြေအနေမှာ ဒေါ်လာလဲလှယ်ဝယ်ယူတဲအခါ ခက်ခဲတွေအပြင် ၊ဘဏ်သတ်မှတ်ဈေးနဲ့ ရောင်းချသူ မရှိတာကြောင့် ဝယ်သူပြောတဲ့ ဈေးကိုသာ ရောင်းချပေးနေရတယ် ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ ပြည်တွင်း ရွှေဈေးနူန်းက အခေါက်ရွှေတစ်ကျပ်သားကို (၂၀၈၅၀၀၀) ကျပ် ဖြစ်ပြီး ဘဏ်အဖွင့်ဒေါ်လာဈေးက တစ်ဒေါ်လာကို (၁၈၅၀) ကျပ်ဖြစ်ပါတယ်။

“အရင်တုန်းက ကမ္ဘာ့ရွှေပေါက်ဈေးရယ်၊ ဒီနေ့ဒေါ်လာပေါက်ဈေးရယ်ကို မြှောက်ပြီး ၁.၈၇၅ နဲ့ စားတယ်၊ အဲ့ဒါနေ့စဉ်ရောင်းရမယ့်ဈေးပေါ့။ အခုဗဟို ဘဏ်သတ်မှတ်ဈေးက ဝယ်မရဘူး။အပြင်မှာပဲဝယ်ရတယ်။ ဈေးမဖွင့်နိုင်ဘူး။ အဲ့ဒီဈေးနဲ့ ရောင်းမယ့်သူမရှိဘူး။” လို့ ရွှေလုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။

သင်္ကြန်မတိုင်ခင်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း (၂၀၄၈၀၀၀) နဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး အခုချိန်မှာ အခေါက်ရွှေတစ်ကျပ်သားက ငွေကျပ် (၂၁) သိန်းနီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။

CC