Spread the love

ရန်ကုန်၊ ဧပြီ (၂၂)

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ငွေ ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်သတ်ခံရလို့ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သေဆုံးသွားတဲ့ ဦးကျော်ငွေ ဟာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာက အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တနင်္သာရီမြို့နယ် က ဦးကျော်ငွေ ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ရာထူးက နှုတ်ထွက်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ်ံ ဦးကျော်ငွေ ဟာ ဟန်ပြသာ နှုတ်ထွက်ခဲ့လို့ အခုလို သုတ်သင်ရှင်းလင်း ခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ဦးကျော်ငွေ ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တနင်္သာရီမြို့နယ် က သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (၁၅) ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ် (၁) ရပ်ကွက် မှာ နေထိုင်သူ ဦးအောင်နေဇာလင်း ကိုလည်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ က သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။

ဦးအောင်နေဇာလင်း ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ပုလောမြို့နယ်၊ တိုင်းဒေသကြီး အမှတ် (၁) ကိုယ်စားလှယ်လောင်း အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

Sakura