Spread the love

ရန်ကုန်၊ ဧပြီ (၂၂)

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကြောရေးမှာ ရဲဘော် အောင်မြင့်မြတ်နဲ့ ရဲဘော်ဆုတ်ဖွားတို့ ကျဆုံးသွားပြီ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။


“သွေးကြေးပြန်တောင်းပေးပါမယ့် ရဲဘော်တို့ အလေးနီပြုပါတယ်” လို့ မဟာမိတ် ၅ ဖွဲ့ က စုပေါင်းပြီး အထူးပင် ဝမ်းနည်းကြောင်း စာထုတ်ပြန်ခဲ့ပါတယ်။

ရဲဘော် အောင်မြင့်မြတ် နဲ့ ရဲဘော် ဆုတ်ဖွားဟာ မနေ့က စစ်ကြောရေးမှာ ကျဆုံးသွားခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးဟာ Unity Force အဖွဲ့က တပ်ဖွဲ့တွေ ဖြစ်ပါတယ်။

အခုလို ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ဆုံးရှုံးရတဲ့ အကြောင်းအရင်းဟာ ဒလန်တွေ၊ စစ်ဘောမတွေကြောင့် ဖြစ်တယ်လို့ မဟာမိတ် ၅ ဖွဲ့ က ပြောပါတယ်။

“သွေးကြွေးကို ပြန်တောင်းယူရန် အချိန်ကို ရောက်ရှိလာပါပြီ ဖြစ်သောကြောင့် စစ်ဘောမဒလန်များအား မဟာမိတ် ညီနောင် ၅ ဖွဲ့မှ သွေးကြွေး ပြန်တောင်းသည့် အခါတွင် ဒလန်အိမ်များ မျက်ရည်ခိုင်ခိုင်ထားကျပါ” လို့ သူတို့အဖွဲ့တွေ က ဧပြီလ (၁၈) ရက်နေ့က အခုလို ပြောဆိုခဲ့ပါသေးတယ်။

Black Dragon Sepcial Task Force အဖွဲ့က ဗိုလ်ကြီး (ခ) ရဲဘော်နေမင်းခ ဟာလည်း ပြီးခဲ့တဲ့ ဧပြီ (၁၅) ရက် ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ ကျဆုံးခဲ့ပါသေးတယ်။

Sakura