Spread the love

ရန်ကုန်၊ဧပြီ (၂၇)

ငွေစာရင်းပြီး ပြန်လာတဲ့ ခြေလျင်တပ်ရင်း ၄ က တပ်ကြပ်ကြီး နေဝင်းအောင် ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“အနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပစ်တာ ခြောက်ချက်လောက်ပစ်တာ။ အခုတော့ ဆေးရုံကိုခေါ်သွားတယ်” လို့ ဒေသခံတစ်ဦးက C8 News ကို ပြောပါတယ်။

ဒီနေ့ မနက် (၈) နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ခြေမြန်တပ်ရင်း ၁၁၆ ကနေ ငွေစာရင်းစစ်ပြီးနောက် ဆိုင်ကယ်နဲ့ပြန်လာတဲ့ တပ်ကြပ်ကြီး နေဝင်းအောင် ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူ နှစ်ဦးက သေနတ်နဲ့ ၆ ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ပေါင်တစ်ချက်၊ ကျောတစ်ချက်၊ ရင်ညွန့်တစ်ချက်၊ လက်နှစ်ချက်၊ မေးစေ့တစ်ချက်၊ အခြေအနေမကောင်းဘူး စိုးရိမ်ရတယ်။ အခုနန်းတွင်း စစ်ဆေးရုံမှာပါ” လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက C8 News ကို ဖြေကြားပါတယ်။

တပ်ကြပ်ကြီး နေဝင်းအောင် ခလရ (၄)တပ်ရင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။

ဒီနေ့ ညနေ (၆) နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့မရဲစခန်းမှာ ကင်းစောင့်နေတဲ့ ရဲတပ်သားတစ်ဦးက ရဲတပ်ကြပ်ကြီးတစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။