Spread the love

ရန်ကုန်၊ မေ (၁)

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့ မနက် (၁) နာရီဝန်းကျင်က (၄၅) မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တနင်္သရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ပန်းဒလဲကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပျူစောထီးတွေရဲ့ ထိခိုက်သေဆုံးသူအရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ တိုက်ပွဲမှာပါဝင်ခဲ့တယ် LLPDF တပ်ဖွဲ့ဆီက သိရပါတယ်။

တိုက်ပွဲအတွင်း LLPDF တပ်ဖွဲ့က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ LLPDF တပ်ဖွဲ့ရဲ့ ဒီနေ့ နေ့လည်ပိုင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ဖက်ဆစ်တပ်သားတွေကြား ထိပ်တိုက် တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ သွားလာဆင်ခြင်ဖို့ သူတို့အဖွဲ့က ဧပြီ (၂၇) ရက်နေ့ကလည်း သတိပေး ပြောကြားခဲ့ပါတယ်။

Sakura