Spread the love

ရန်ကုန်၊ မေ (၆)

ဒီနေ့ မေ (၆) ရက်နေက စတင်ကာ မေ (၈) ရက်နေ့အထိ (၃) ရက်ကြာ မိဘပြည်သူတွေအနေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းကို မော်တော်ကား၊ ဆိုင်ကယ်တွေနဲ့ ခရီးသွားလာတာ လုံး၀ (လုံးဝ) မပြုလုပ်ဖို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

အခုလို (၃) ရက်ကြာ ခရီးမသွားဖို့ကို မိဘပြည်သူတွေရဲ့ လုံခြုံရေးအတွက် ပြောတာ ဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သတိပေး “ထုတ်ပြန်ချက်အား မလိုက်နာပါက နောက်ဆက်တွဲ အကျိုးဆက်ကို ကျွန်တော်တို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုံး၀ တာဝန်မယူပါ” လို့ သူတို့က ပြောပါတယ်။

လောင်းလုံမြို့နယ်အတွင်းက မိဘပြည်သူတွေအနေနဲ့ မြို့နယ်လုံခြုံရေးအတွက် ည (၈) နာရီကနေ မနက် (၄) နာရီအထိ အပြင်ကို သွားလာတာ မပြုလုပ်ဖို့ကိုလည်း မေလ (၃) ရက်နေ့က လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃) ခုက ပူးပေါင်းပြီး သတိပေးစာ ထုတ်ပြန်ခဲ့သေးတယ်။

Sakura