Spread the love

ရန်ကုန်၊ မေ (၉)

ဒီနေ့ည (၉) နာရီက စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ – မြင်းမူ – မန္တလေးလမ်း၊ မြင်းမူမြို့နယ်အတွင်းက လမ်းပိုင်းတွေနဲ့ မြို့နယ်ချင်းဆက် လမ်းပိုင်းတွေကို ဒီနေ့ည (၉) နာရီက စတင်ကာ လုံး၀ (လုံးဝ) အသုံးမပြုဖို့ ဗမာ့ဇာမဏီတပ်ဖွဲ့က ဒီနေ့ နေ့လည်ပိုင်းမှာ အရေးပေါ် သတိပေးစာထုတ်ပြန်ပြီး တားမြစ်လိုက်ပါတယ်။

“ပြည်သူလူထုအား အရေးပေါ်သတိပေးချက် ထုတ်ပြန်အပ်ပါသည်။ သတိပေးချက်ကို လိုက်နာပေးခြင်းဖြင့် ပူးပေါင်း ကူညီပေးစေလို” ပါတယ် လို့ သူတို့အဖွဲ့က ကပြောပါတယ်။

ဗမာ့ဇာမဏီတပ်ဖွဲ့ဟာ မေလ (၄) ရက်နေ့ကလည်း မုံရွာ – မြင်းမူ – မန္တလေးလမ်း၊ မြင်းမူမြို့နယ်အတွင်းက လမ်းပိုင်းတွေနဲ့ မြို့နယ်ချင်းဆက် လမ်းပိုင်းတွေကို အသုံးမပြုဖို့ သတိပေးစာ ထုတ်ပြန်ခဲ့ပါသေးတယ်။

မြင်းမြူမြို့နယ်၊ ထီးဆောင်းကျေးရွာ နဲ့ အရာတော်မြို့ကြားက ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်းနှစ်ခုမှာ စစ်ကောင်စီတပ်တွေက ဧပြီ (၂၉) ရက် မနက်အစောပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကန်တော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဧပြီ (၂၉) ရက်နေ့က ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Sakura