Spread the love

ရန်ကုန်၊ မေ (၉)

စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ပေါင်းကာ ပြည်သူတွေအပေါ် အနိုင်ကျင့်နေတဲ့ Non CDM ကျန်းမာရေးဝန်ထမ်း နှစ်ဦးဖြစ်တဲ့ ဦးဗညားထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းမြင့် တို့ အနေနဲ့ အခုလုပ်ဆောင်နေတာတွေကို ရပ်တန်းက ရပ်ဖို့ ဗိုလ်လက်ဝဲအဖွဲ့ တာဝန်ခံက နောက်ဆုံးအနေနဲ့ ဒီနေ့မှာ သတိပေးပြောကြားပါတယ်။

“သင်တို့နှစ်ယောက်သည် ယခင်ကဲ့သို့ ပြည်သူများအပေါ်တွင် နောက်ထပ်ပြုလုပ်နေအုန်းမည်ဆိုပါက ကျွန်တော်တို့ သေမင်းလက်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ငရဲမှတပါး အခြားသော ပို့ဆောင်ပေးရန် နေရာမရှိကြောင်း နောက်ဆုံး အနေဖြင့် သတိပေးလိုက်” တယ်လို့ သူတို့က ပြောပါတယ်။

ဦးဗညားထွန်း နဲ့ ဒေါ်ခင်ဝင်းမြင့် တို့ဟာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပျုစောထီးတွေနဲ့ ပူးပေါင်းကာ ပြည်သူတွေအပေါ်ကို အနိုင်ကျင့် ယုတ်မာနေတယ်ဆိုတာကို ပြည်သူတွေရဲ့ တိုင်ကြားချက်အရ သိရှိရတာဖြစ်တယ်လို့ ဗိုလ်လက်ဝဲအဖွဲ့ ရဲ့ ဒီနေ့ နေ့လည်ပိုင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Non CDM တွေဖြစ်ကြတဲ့ ဦးဗညားထွန်း ဟာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးကြီးကြပ် (၁) ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းမြင့် ကလည်း ရွှေတောင်မော်တိုက်နယ်ဆေးရုံက သူနာပြု (အပြာဝတ်) ဖြစ်ပါတယ်။

လပွတ္တာမြို့နယ်၊ မြင်ကကုန်းကျေးရွာအနီးက စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel တာဝါတိုင်ကို ၂၀၂၂ ခုနှစ်၊ ဧပြီ (၂၈) ရက်နေ့က လပွတ္တာမြို့ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

Sakura