Spread the love

ရန်ကုန်၊ မေ (၁၂)

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း နဲ့ တာဝါတိုင်ကျေးရွာက ရာအိမ်မှူး ဦးအောင်မျိုးဇော်တို့ကို သုတ်သင်ရှင်းလင်းလိုက်ပြီဖြစ်တယ်လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း နဲ့ ရာအိမ်မှူး ဦးအောင်မျိုးဇော် ကို မနေ့ ညနေ (၆) နာရီက သုတ်သင်ရှင်းလင်းလိုက်လို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ သူတို့အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း အမှတ် ၃၈၀၂ တပ်ဖွဲ့ ၄ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ဦးခင်မောင်သန်း နဲ့ ဦးအောင်မျိုးဇော် ကို ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ (၂၈) ရက်နေ့က ကဝမြို့နယ် လုံခြုံရေးနှင့်သတင်းစုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ရဲမှူးဟောင်း ဦးဝင်းနိုင် ပစ်ခတ်ရှင်းလင်းခံရလို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

Sakura