Spread the love

ရန်ကုန်၊ မေလ (၁၇)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ရွာမှာ စစ်ကောင်စီ သတင်းပေးဒလန်လို့ နာမည်ထွက်နေတဲ့ အမျိုးသားသေနတ်နဲ့ ပစ်ခံရကာ သေဆုံးသွားတယ်လို့ Patheingyi Information အဖွဲ့က သိရပါတယ်။

“ရှမ်းခေါက်ဆွဲရောင်းတဲ့ ဆိုင်ထဲကို ဝင်ပစ်သွားတာ၊ ဖြစ်ဖြစ်ချင်း ဆေးရုံကို တန်းပို့သွားတယ်၊ စစ်ခွေးတွေ ချက်ချင်းရောက်လာပြီး စစ်နေတာပဲ”လို့ Patheingyi Information အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ရွာမှာ ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ထားတဲ့ ဒလန်ဦးစန်းယုလွင်ကို မနေ့ ညနေ (၅) နာရီက အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ သုံးချက်ပစ်ခဲ့လို့ ဆေးရုံမှာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဦးစန်းယုလွင် ကို မည်သည့်အဖွဲ့က ပစ်သွားတယ်ဆိုတာ မသိရှိရသေး‌ပေမယ့် နန္ဒာမြောက်ရွာထဲကို စစ်သားတွေ ဝင်ရောက်ပြီး စစ်ဆေးမှု‌‌တွေ ပြုလုပ်ခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲမှာ မြို့ပြပျောက်ကြားတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏ ရှင်းလင်းမှု ပြုလုပ်နေသလို သတင်းပေးဒလန် ဆိုသူတွေကိုလည်း ပစ်ခတ်ရှင်းလင်းနေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာထဲတွေကို ဝင်မွှေပြီး ဖမ်ဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆောင်းဦး