Spread the love

ရန်ကုန်၊ မေ (၂၈)

စစ်ကောင်စီလက်အောက်ခံ မင်းကွန်းပဒူရဲစခန်းကို ဆက်ကြေးပေးနေတဲ့ ကိုဝင်းစိုး ရဲ့ အသက်အန္တရာယ်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့ နဂါးနီပျောက်ကြားတပ်ဖွဲ့ ဝက်လက်မြို့က ဒီနေ့မှာ ပြောပါတယ်။

ကိုဝင်းစိုး ဟာ စစ်ကိုင်းမြို့၊ မယ်ဇလီချောင်းကျေးရွာက တရားမဝင်လုပ်ငန်းလုပ်ကိုင်နေသူတွေက ဆက်ကြေးကောက်ခံပြီး မင်းကွန်းပဒူရဲစခန်းကို ဆက်ကြေးပေးဆောင်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့နဲ့ ဆက်လက်လုပ်ကိုင်နေပါက ကိုဝင်းစိုး ရဲ့ အသက်အန္တရာယ်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့ နဂါးနီပျောက်ကြားတပ်ဖွဲ့ ဝက်လက်မြို့ က ပြောပါတယ်။

စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ကျေးရွာမှာ နေထိုင်တဲ့ ပျူစောထီး သင်တန်းဆင်း ဦးမြင့်စိုး ကို မေလ (၂၄) ရက်နေ့ ညပိုင်းက နဂါးနီနယ်စီးမခြား သွေးသောက်ညီနောင်များအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ဂျူလိုင်ကိုကို