Spread the love

ရန်ကုန်၊ မေ (၂၈)

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်သုံးအိုင်ရွာ နဲ့ ဒေါင်အိုကြီးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Urban ကျားကြီး လို့ နာမည်ပေးထားတဲ့ လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ 27 Revolution Forces ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Urban ကျားကြီး “လက်နက်ကြီးဖြင့် (၁၀) ချက်ခန့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခ၊ ပခများ ပြန်လည် ပစ်ခတ်နိုင်ခြင်းမရှိဘဲ (လုံးဝ) ငြိမ်သက်သွားခဲ့” တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဝက်သုံးအိုင်ရွာ နဲ့ ဒေါင်အိုကြီးရွာ ကို မေလ (၂၄) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ 27 Revolution Forces ကလည်း Urban ကျားကြီး နဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

မေလ (၂၅) ရက် မနက်ပိုင်းက မြောင်မြို့နယ်၊ လှေတင်ဦးရွာနဲ့ ကူးတို့ကုန်းရွာ ကြားကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား (၁၀၀) ကို PDF တွေက Drone နဲ့ အီနာဂါဗုံးသီး (၂) လုံးကြဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

Sakura