Spread the love

ရန်ကုန်၊ မေ (၂၉)

စိန်ပန်းအကွက်မှူး တာဝန်ခံအဖြစ် လူသိများတဲ့ သတင်းပေးဒလန် ကိုရန်နိုင်ကျော် (ခ) ထော့ကျိုး ကို ပစ်ခတ်ရှင်းလင်းချိန် အတူပါလာတဲ့ ကိုအောင်မိုးကျော် ပါ ကျည်ဆံထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကျားတပ်ဖွဲ့ (မန္တလေး) က ပြောပါတယ်။

“နှုတ်ခမ်းနီ (၇) တောင့်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့” တာလို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သတင်းပေးဒလန် ကိုရန်နိုင်ကျော် နဲ့ အတူလိုက်ပါလာတဲ့ ကိုအောင်မိုးကျော် တို့နှစ်ဦးဟာ မနေ့ ညနေပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်း စာတိုက်တန်း ရပ်ကွက်၊ (၉၁) လမ်း၊ (၃၈) လမ်းကြား ကို အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

ကိုအောင်ကျော်မိုး ဟာ “ဒလန်အား လှုပ်ရှားဆောင်ရွက်နေစဉ်အတွင်း ဝင်ရောက် ကာကွယ်မှုကြောင့် ၎င်းပါ ထိမှန်သွားခဲ့” တာဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက ပြန်လည်တည်ဆောက်ခဲ့တဲ့ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မေလ (၈) ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

Sakura