Spread the love

ရန်ကုန်၊ ဇွန် (၂)

ကိုယ်ပိုင် အမှတ် လ – ၂၇၂၈၁၇ ဒုတပ်ကြပ် ရဲမေ မဝီတိုရီယ (ခ) သိုးကလေး ဟာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ဆီက သိရပါတယ်။

“အကြမ်းဖက် စစ်ကောင်စီ ၏ ရက်စက် ယုတ်မာ မူများကို မခံနိုင်သည်မှာ ကြာခဲ့ပြီး ထွတ်ခွာ ဖို့ နည်းလမ်း မျိုးစုံ သုံး၍ ထွက်လာရ”တာ ဖြစ်တယ်လို့ မဝီတိုရီယ ရဲ့ ပြောပြချက်ကို KNF က ပြန်လည်ပြောပြပါတယ်။

ဒုတပ်ကြပ် မဝီတိုရီယ (ခ) သိုးကလေး အသက်(၂၅) နှစ် ဟာ ဒီနေ့ မနက်ပိုင်းက ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ဆီကို ခိုလှုံခွင့် တောင်းခံလာလို့ ရဲမေ ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး ကနေ ပြည်သူ့ရင်ခွင်ဆီကို လွှဲပြောင်းသွားမှာဖြစ်တယ်လို့ သူတို့ရဲ့ ဒီနေ့ ညနေပိုင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“ဝင်ရောက် ခိုလူံလာမည့် စစ်သား ၊ ရဲ တို့အား လက်နက် များ ယူဆောင်လာနိုင်ပါက သိန်း ၃၀ ဆု ချီးမြင့်မည်ဖြစ်ပြီး မယူဆောင်လာပါကလည်း စိစစ် လုံခြုံအောင် လုပ်ဆောင်ပေးသွား” မှာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။