Spread the love

ရန်ကုန်၊ ဇွန် (၇)

မကွေးတိုင်းဒေသကြီး၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် PDF Yesagyo က ဝယ်ယူထားတဲ့ ပစ္စည်းတွေ လမ်းခရီးမှာ ဖမ်းဆီးခံရတာ မှန်ကန်တယ်လို့ သူတို့အဖွဲ့က ဒီနေ့ညနေပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

“အောင်မြင်စွာရောက်ရှိရန် အခြေအနေတခုအလိုတွင် ကားချို့ယွှင်းမှု့ ကြောင့် စစ်ဆေးဖမ်းဆီးခံလိုက်ရကြောင်း သိရပါတယ်။ ရဲဘော်များ အသားဟင်းမစားဘဲ ချိုးချန်ချွေတာစုဆောင်း ပီး လိုအပ်သည်များ ချေးယူ၍ ဝယ်ယူထားခြင်း ဖြစ်ပါတယ်” လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။