Spread the love

ရန်ကုန်၊ ဇွန် (၁၈)

မြေပြင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို နိုင်ငံတကာက သိရှိအောင် ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ “ယင်းတို့၏ အာဏာခိုင်မြဲရေးအတွက် တိုင်းပြည်နှင့် ပြည်သူများကို ငဲ့ကွက်ခြင်းမရှိဘဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊မိမိတို့ဘက်မှလည်း ပြည်သူလူထုအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် အစွမ်းကုန် ပေါင်းစည်း ဆောင်ရွက်ကြရန် လိုအပ်” တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့တာပါ။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနသာမက အစိုးရအဖွဲ့ဝင်အားလုံး စုပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားအားလုံးကို တိုက်ထုတ်နိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“အုပ်ချုပ်ရေးလုပ်ငန်း များ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင် ရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ခု ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကို ဆက်လက်ဆောင်ရွက် ကြရန် လိုအပ်” တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် နဲ့ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ဗဟို/တိုင်း/ခရိုင်/မြို့နယ်အဖွဲ့ဝင်တွေ တွေ့ဆုံပွဲဖြစ်တဲ့ ဇွန်လ (၁၆) ရက်နေ့မှာ သူက အခုလို ပြောဆိုခဲ့ပါတယ်။

“စစ်ရေးပိုင်း အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် ထောက်လှမ်းရေးဆိုင်ရာ အချက်လက်များသည် လွန်စွာအရေးကြီးလှပါကြောင်း ၊ ထောက်လှမ်းရေးကဏ္ဍတွင် ပုံမှန်သမရိုးကျလုပ်နေသော ထောက်လှမ်းရေးလုပ်ငန်းစဉ်နှင့် အရေးကြီးသော ပစ်မှတ်ပိုင်းဆိုင်ရာ ထောက်လှမ်းရေး လုပ်ငန်းစဉ်ရှိပါကြောင်း၊ နောက်ပိုင်းတွင် ပစ်မှတ်ပိုင်းဆိုင်ရာ ထောက်လှမ်းရေးလုပ်ငန်းဘက်ကို ပိုမိုဦးတည် အဓိက ထားဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း” သူက ပြောပါတယ်။

Sakura