Spread the love

ရန်ကုန်၊ ဇွန် (၂၁)

ရန်ကုန်က ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးမျိုးထွေး ကို ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခဲ့လို့ သေဆုံးသွားပြီး ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ပြောပါတယ်။

“နှုတ်ခမ်းနီး ၅ တောင့်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး နောက်ဆက်တွဲသတင်းအနေဖြင့် နေရာမှာပင် မုန့်ဟင်းခါးဖြစ်သွား” တယ်လို့ သူတို့အဖွဲ့ရဲ့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်က ပြန်လာတဲ့ တပ်ကြပ်ကြီးမျိုးထွေး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံ/နောက်၊ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်ဖြစ်ပြီး ဒီနေ့ (၇) နာရီခွဲက သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခံခဲ့ရတာပါ။

ပုသိမ်ကြီးမြို့နယ်၊ လျှပ်စစ်ရုံးမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇွန်လ (၁) ရက်နေ့က ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) ဟာ ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။

Sakura