Spread the love

ရန်ကုန်၊ ဇွန် (၂၂)

အာဏာသိမ်း စစ်တပ်ကို အားပေးထောက်ခံသူတွေဖြစ်ကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းဒေသမှာရှိတဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေကို စတင်ပစ်မှတ်ထား ရှင်းလင်းတော့မယ်လို့ Salingyi People’s Defence Force အဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ ပြောကြားလိုက်ပါတယ်။

“(21.6.2021) နေ့လည် 2:30 အချိန်မှ စတင်ပီ လက်ပတောင်းဒေသ ရှိ စစ်ကောင်စီ ဒေါက်တိုင်များကို ပြစ်မှတ်ထားပီ” လို့ သူတို့ရဲ့ လူမှုကွန်ယက်က တစ်ဆင့် သတိပေးကြေညာခဲ့တာပါ။

မနေ့ နေ့လည်ပိုင်းက မုံရွာမြို့ကနေ စစ်ကိုင်းမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မြင်းမြူမြို့နယ်၊ ကန်ဖျားဇရပ်အနီး အရောက်မှာ PDF လေးဖွဲ့က ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ညီနောင်လေးဖွဲ့မှ အညာအုန်းသီး (၅) လုံးဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ ခွေးအပြည့်တင်ထားသော ကားတစ်စီးမှာ လုံးဝထိမှန်ခဲ့ပြီး ဒဏ်ရာ အများအပြားရရှိနိုင်” တယ်လို့ Moe Nyo Revolution Force အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Sakura