Spread the love

ရန်ကုန်၊ ဇွန် (၂၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း၊ ဟဲလုပ်ကျေးရွာအနီးက ဒီနေ့တိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF Kalay ရဲဘော် သူရဲကောင်းညီငယ်အတွက် ဂုဏ်ယူဝမ်းနည်း အလေးပြုတယ်လို့ L.D.F – KALAY က ပြောပါတယ်။

“ဟဲလုပ်ကျေးရွာအနီး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရလေသော သူရဲကောင်းဆန်စွာ စွန့်လွတ်ပေးဆပ်ခဲ့သော ညီငယ်အား အကို ဂုဏ်ယူဝမ်းနည်းငြိုးငယ်စွာနဲ့ဘဲ အလေးပြုပါ” တယ်လို့ ဒီနေ့ နေ့လည်ပိုင်းက သူတို့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၀၀) ကျော်ဟာ ဒီနေ့ မနက်ပိုင်းက ကလေးမြို့တောင်ပိုင်းကို ခြေလျင် ထွက်ခွာလာခဲ့ချိန် ဟဲလုပ်ကျေးရွာအနီးကို အရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေဟာ ချုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အချိန် (၃) နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၀) ဦး ထက်မနည်း သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ PDF Kalay ဘက်က ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ပါတယ်။

Sakura