Spread the love

ရန်ကုန်၊ဇွန်(၂၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ မြို့မရဲစခန်း ကို ဒီနေ့မနက် အစောပိုင်း (၂) နာရီကျော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့လို့ စစ်သားနဲ့ ရဲ စုစုပေါင်း (၅) ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။

“ရဲစခန်းထဲမှာ ရဲတွေအပြင် စစ်သားတွေပါ နေထိုင်တာဖြစ်ပြီး (၁၂၀) မမလက်နက်ကြီး (၁၁)လုံးနဲ့ ပစ်ခတ်ခဲ့တာ၊ စခန်းခေါင်မိုးပေါ်ကျတယ် စကစဘက်က (၅) ဦးထက်မနည်းသေနိုင်တယ် “လို့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အသိပေးထားပါတယ်။

အခုတိုက်ခိုက်မှုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ (၂) နဲ့ တပ်ခွဲ(၄) က ရဲဘော်တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဆားလင်းကြီးစခန်းကို Unity Force Monywa ၊ Brother Defense Force အပါအဝင် မဟာမိတ် (၁၀) ဖွဲ့က ပူးပေါင်းပြီး (၆၀) မမ စိန်ပြောင်းနဲ့ အချက် (၄၀) ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါသေးတယ်။