ရန်ကုန်၊ ဇွန် (၇) ပြည်သူတွေအနေနဲ့ အစုအဖွဲ့အလိုက် အခမ်းအနားတွေ လုံး၀ (လုံးဝ) မပြုလုပ်ဖို့၊ လူစည်ကားတဲ့ နေရာတွေကို သွားလာတာ မပြုလုပ်ဖို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဇွန်လ (၇) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ နဝရတ်လမ်းက အမှိုက်ပုံးအတွင်းမှာ ဒီနေ့ မနက်ပိုင်းက ဗုံးနှစ်ကြိမ်ပေါက်ခဲ့လို့ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၇) စစ်ကောင်စီက မကွေးတိုင်းဒေသကြီး၊ ယောဒေသ၊ စင်းစယ်ကျေးရွာ ကို ဒုတိယအကြမိမ်မြောက် လာရောက်ပြီး လူနေအိမ် (၁၂) လုံးကို မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု က ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂) ကိုယ်ပိုင် အမှတ် လ – ၂၇၂၈၁၇ ဒုတပ်ကြပ် ရဲမေ မဝီတိုရီယ (ခ) သိုးကလေး ဟာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂) အမေရိကန်နိုင်ငံမှာ မေလအတွင်း အစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်စေခဲ့တဲ့ ပစ်ခတ်မှု (၂) ခုဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ (၁) ရက် (မနေ့က) လည်း တူလ်ဆာမြို့၊ အိုကလာဟိုမားပြည်နယ်က ဆေးရုံမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်စဉ် (၃) ခုအတွင်း သေဆုံးခဲ့သူ (၃၃) ဦးရှိခဲ့ပြီး အားလုံးက အပြစ်မဲ့ပြည်သူတွေပါပဲ။

read more

ရန်ကုန်၊ ဇွန် (၂) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် သတင်းဖလှယ်ကြမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ ရဲမှူးချုပ် ထက်လွင် က ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂) စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း (၄၁) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။

read more