Spread the love

ရန်ကုန်၊ ဇူလိုင် (၁၃)

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတခေတ်) က လူတွေထက် မင်းအောင်လှိုင် က ပိုဆိုးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတကြီး ဒူဝါလရှီးလ က ပြောပါတယ်။

‘ရင်းနှီးမြှုပ်နှံမှုနဲ့ သစ်တောပြုန်းတီးမှုတွေက နဝတ ခေတ်မှာ တော်တော်လေး ပြုန်းတီးသွားတယ်၊ အဲဒီလူတွေထက်ပို ပိုဆိုးတာက မင်းအောင်လှိုင် ဖြစ်တယ်၊ ရာသီဥတု ပြောင်းလဲလာတာကို ပြည်သူတွေ ဆိုးရွားစွာ ခံစားနေရတယ်၊ ဒီနေ့ အမျိုးသားညီညွတ်ရေး အစိုးရက ဒါတွေကို ပြုပြင်ထိန်းသိမ်းဖို့ တာဝန်ဝတ္တရား ရှိတယ်။” လို့ မနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစည်းအဝေးပွဲမှာ သူက အခုလိုထည့်သွင်း ပြောဆိုခဲ့တာပါ။

နွေဦးတော်လှန်ရေးထဲမှာလည်း ပြည်သူအားလုံးအနေနဲ့ “မဆုတ်မနစ်နဲ့ ကြိုးစားကြဖို့” လိုတယ်လို့ သူက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလည်း “တော်လှန်ရေးကို အရှိန်မြှင့်နိုင်သမျှမြှင့်ပြီး အားထည့်လုပ်ဆောင်ကြဖို့အတွက် NUG အစိုးရအဖွဲ့ကို” မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေနဲ့ ပျူစောထီးတွေ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြား ပြည်သူတွေက ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ လူမဆန်ရက် စက်စွာ နှိပ်စက်၊ သတ်ဖြတ်တာတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေမှတ်တမ်းတွေကို NUG အစိုးရအနေက ရရှိထားပြီး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။