Spread the love

ရန်ကုန်၊ ဇူလိုင် (၂၂)

PDF စခန်းရှိတဲ့ နေရာတွေကို လမ်းပြပေးတဲ့ ကိုဇော်လတ် (ခ) နော်ဗလ္လောက် ကို သုတ်သင်ရှင်းလင်းလိုက်ပြီဖြစ်တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီအားကိုးနဲ့ အပြစ်မဲ့ ပြည်သူတွေပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေသူဖြစ်လို့ ကိုဇောတ်လတ် ကို ဇူလိုင် (၁၉) ရက် နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကရင်ကြီးရွာအတွင်းက နေရာတစ်ခုမှာ သုတ်သင်လိုက်တာ ဖြစ်တယ်လို့ သူတို့အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကိုဇော်လတ် ဟာ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ကာ PDF စခန်းသိမ်းစစ်ကြောင်းတွေမှာလည်း စစ်တပ်နဲ့အတူ လိုက်ပါကာ လမ်းညွှန်သူအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

“မိမိတို့အနေနဖြင့် ရခဲလှသော လူ့အသက်များ ဆက်လက်မဆုံးရှုံးစေလို၍ အထပ်ထပ်အခါခါ ထုတ်ပြန်ခဲ့သည့် သတိပေးတားမြစ်ချက်များအား အလေးမမူ ဆက်လက်မိုက်မဲနေမည်ဆိုပါက ပြစ်မှုထင်ရှားသည့် ဒလန်၊ လက်နက်ကိုင် ပျူစောထီး နှင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ကျေးကျွန်မှန်သမျှအား အမြစ်မကျန် ကျွန်ုပ်တို့ မလွဲမကန် သုတ်သင်ရှင်းလင်းသွားမှာ အတိအလင်းသာဖြစ်၍ လုံးဝ(လုံးဝ) လွတ်ြမောက်လိမ့်မည် မဟုတ်ကြောင်း” သူတို့အဖွဲ့က ထပ်မံ သတိပေးပြောကြားခဲ့ပါတယ်။

လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် ကိုကျော်စိုး ကိုလည်း ဇူလိုင် (၁၇) ရက်နေ့ ညပိုင်းက လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။