Spread the love

ရန်ကုန်၊ သြဂုတ် (၂)

အကြိမ်ကြိမ်သတိပေးတဲ့ကြားက လိုက်နာမှု မရှိတဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း ကို သုတ်သင် ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ TTA- ပြောက်ကျားတပ် က ပြောပါတယ်။

ဦးလှသိန်း ဟာ “PDF များ၏ လှုပ်ရှားမှုတွေကို ထောက်လှန်းခြင်း၊ ကျေးရွာနေပြည်သူ လူထုအား သေနတ်ဖြင့် အနိုင်ကျင့် ဗိုလ်ကျခြင်း၊ မီတာခများ အတင်းအဓမ္မ ကောက်ခံခြင်းများ ပြုလုပ်ခဲ့” လို့ အခုလို ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ သူတို့ရဲ့ ဒီနေ့ ညပိုင်း ဖော်ပြချက်အရ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးလှသိန်း ကို မနေ့ နေ့လည်ပိုင်းက ရှင်းလင်းခဲ့ပြီးနောက် လက်လုပ်ပွိုင့် ၂၂ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ သူတို့က ပြောပါတယ်။

တောင်သာမြို့နယ်အတွင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ Non CDM ဝန်ထမ်းတွေ အမြန်ဆုံး နှုတ်ထွက်ကြဖို့ TTA- ပြောက်ကျားတပ် က နောက်ဆုံးအကြိမ်အနေနဲ့ ထပ်မံ သတိပေးပြောကြားခဲ့ပါတယ်။

(၁၈) လအတွင်း PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား (၃၄၈၃) ဦး သေဆုံးခဲ့ကာ (၃၀၆၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုကို ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။