Spread the love

ရန်ကုန်၊သြဂုတ်(၂)

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံရဲစခန်း မနေ့ကညပိုင်းက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရလို့ ရဲတပ်ဖွဲ့ဝင်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ ည(၉)နာရီကျော်လောက်မှာ အတိုက်ခံရတာ၊ ပစ်သံတွေကတော့ ဆူညံနေတာပဲ၊ နှစ်ဖက်ပစ်တဲ့ ပုံစံမျိုးထင်တယ်၊ အခုမနက်သိရသေလာက်တော့ ရဲ(၃)ယောက်ထိတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး C8 News အနေနဲ့ မူဆယ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ သတင်းရယူဖို့ကြိုးစာပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။