Spread the love

ရန်ကုန်၊ သြဂုတ် (၂)

စစ်ကောင်စီ သတင်းပေးဆိုပြီး နာမည်ကြီးနေတဲ့ ဦးသိန်းဝင်း (ခ) ငပူး ကို သေနတ်နဲ့ ပစ်ခတ်ကာ ရှင်းလင်း သုတ်သင်လိုက်ပြီ ဖြစ်တယ်လို့ မြို့ပြပြောက်ကျား တွံတေး က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဦးသိန်းဝင်း ဟာ “အပြစ်မဲ့ပြည်သူ (၂) ဦးအား အကြမ်းဖက်စစ်ကောင်စီမှ ပစ်သတ်ခဲ့မှုတွင် အဓိကတာဝန်ရှိသူ၊ အကြမ်းဖက် စစ်ကောင်စီအား ခေါ်ယူခဲ့သူဖြစ်ခြင်း။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် ပေါင်း၍ ကျေးရွာနေပြည်သူများအား နှိပ်စက်ခြင်း။ လမ်းသွားလမ်းလာများအား ပါးရိုက်ထိုးကြိတ်ခြင်း။” တွေကို ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကရင်ချောင်းကျေးရွာအုပ်စု၊ ဘီခိုကျေးရွာမှာ နေထိုင်တဲ့ ဦးသိန်းဝင်း ဟာ စစ်ကောင်စီသတင်းပေးဆိုပြီး နာမည်ကြီးနေသူ ဖြစ်ပါတယ်။

ဒါ့ပြင် ဦးသိန်းဝင်း ဟာ “အကြမ်းဖက် စစ်ကောင်စီအားခေါ်၍ ကျေးရွာနေ ပြည်သူများအား ဖိနှိပ်ခြင်း။အများပြည်သူများ၏ ဆိုင်ကယ်များအား မတရားသိမ်းဆည်းခြင်း။ ပြည်သူများအား သူ့စကားနားမထောင်ပါက စစ်တပ်ခေါ်ပစ်သတ်ခိုင်းမည်ဟု ခြိမ်းခြောက်ခြင်းတို့ကြောင့် ကျွန်ုပ်တို့မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ကျေးရွာထိသွားရောက် အရေးယူ” ရတာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

(၁၈) လအတွင်း PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား (၃၄၈၃) ဦး သေဆုံးခဲ့ကာ (၃၀၆၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုကို ပြောတဲ့ မိန့်ခွန်းမှာ အခုလို့ထည့်သွင်းပြောကြားခဲ့ပါတယ်။