Spread the love

ရန်ကုန်၊ သြဂုတ် (၃)

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ အထွေထွေ ယိုယွင်းမှုတွေ ဆက်တိုက်ကြုံလာတာကို တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတကြီး ဒူဝါလရှီးလ က ပြောပါတယ်။

“လက်ရှိ ပြည်သူ လူထုဟာ နေ့စဉ်နေ့တိုင်း စားဝတ်နေရေး ပြဿနာ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် လူထုဟာ ဘဝလုံခြုံရေးနဲ့ စားဝတ်နေ ရေးအခက်အခဲတွေ အလွန်အမင်း ကြီးထွားလာပါတယ်။ မြို့ပေါ်တွေမှာလည်း ရာဇဝတ်မှုတွေ နေ့စဉ်လို လို ဖြစ်ပွားနေတာ” တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးမှာ သူက ပြောဆိုလိုက်တာပါ။

စစ်ကောင်စီဟာ လက်ရှိအချိန်မှာ စစ်ရေးအကျပ်အတည်းနဲ့ ဘဏ္ဍာငွေ အကျပ်အတည်းကို ကြီးမားစွာ ကြုံတွေ့နေတယ်လို့ သူက သုံးသပ်ပြောကြားခဲ့ပါတယ်။

“စစ်တပ်ဟာ စီးပွားရေး ကဏ္ဍနယ်ပယ် အား လုံးမှာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာကို တွေ့ရပါတယ်။ ဒါတွေကို လေ့လာစိစစ်ပြီး အကြမ်းဖက် စစ်ကောင်စီကို ရပ်တည်မှု အကျပ်အတည်းဖြစ်အောင် လုပ်ရပါလိမ့်မယ်။ ပြည်သူလူ ထုကိုယ်၌ကလည်း စစ်အုပ်စုရဲ့ စီးပွားရေးခေါင်းပုံဖြတ်မှုတွေကို နှစ်ပေါင်းများစွာ ခံလာရလို့ ခါးသီးမုန်း တီးမှု ပြင်းထန်လာတာကို တွေ့ရ” တယ်။ လို့ သူက ပြောပါတယ်။

၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းက စတင်ကာ စစ်ကောင်စီဟာ ဘဏ္ဍာရေး အကျပ်အတည်း အင်မတန် ကြီးထွားလာတာကို တွေ့မြင်ရပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင်က (၁) နှစ်နဲ့ (၆) လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့တဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ကျွန်တော်ထင်ပါတယ်။ ၆ လအတွင်း တိုးတက်မှုရပါလိမ့်မယ်။ (တစ်) အလုပ် အကိုင် အခွင့်အလမ်းများစွာပေါ်လာမယ်၊ (နှစ်) အလုပ်လုပ်သူတိုင်း ဝင်ငွေရလာမယ်၊ (သုံး) ဝယ်လိုအားတိုးတက်လာမယ်၊ (လေး) ရောင်းကုန်ပစ္စည်းများ တိုးတက်လာတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုမိုတိုး တက်လာပါမယ်၊ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိပါ တယ်၊ တိုင်းပြည်အားနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ကြရပါမယ်။” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။