Spread the love

ရန်ကုန်၊ သြဂုတ် (၆)

စစ်ထွက် တစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်း ကို သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ နတ်တလင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အရှေ့ဘက်၊ ပျဉ်းမခေါင်ကျေးရွာမှာ နေထိုင်တဲ့ ဦးကျော်ဝင်း ဟာ စစ်ထွက်တစ်ဦးဖြစ်သလို စစ်ကောင်စီလမ်းပြ အဖြစ် လုပ်ဆောင်ပေးနေသူ ဖြစ်တယ်လို့ သူတို့အဖွဲ့ရဲ့ ဒီနေ့ နေ့လည်ပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒလန်ကျော်ဝင်း၏ တပည့်များအားလည်း ယခုအချိန်မှစ၍ စကစအား သတင်းပေးခြင်း လမ်းပြ လုပ်ဆောင်ခြင်းများအား လုံး၀ မပြုလုပ်တော့ရန် ယခုကြေညာချက်နဲ့အတူ ပြင်းပြင်းထန်ထန် သတိပေး” တယ်လို့ သူတို့အဖွဲ့က ပြောပါတယ်။

(၁၈) လအတွင်း PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား (၃၄၈၃) ဦး သေဆုံးခဲ့ကာ (၃၀၆၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုကို ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။