Spread the love

ရန်ကုန်၊ သြဂုတ် (၇)

မုံရွာခရိုင်တပ်ရင်း ၅ – Aung San Force က လက်နက်ကြီး စမ်းသပ်မှု အောင်မြင်တယ်လို့ ဒီနေ့ ညနေပိုင်းမှာ လူမှုကွန်ယက်ကတစ်ဆင့် အသိပေး ပြောကြားခဲ့ပါတယ်။

“ဟောဒီ စစ်အာဏာရှင်စနစ်နဲ့ အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျသည်အထိ၊ ဖြိုဖျက်နိုင်သည်အထိ မလျှော့သောဇွဲ၊ ရိုးဖြောင့်သော စိတ်ဓာတ်တို့နဲ့ အစဉ်တိုက်ပွဲဝင်နေမှာပါ။ ဒါ့အပြင် ပြည်သူ့အသက်အိုးအိမ်အား အကာအကွယ်ပေးနိုင်တဲ့ ပြည်သူ့စစ်သားကောင်းများအဖြစ်၊ အမိန့်နာခံမှုအားကောင်းပြီး စည်းကမ်းပြည့်ဝသော တပ်ရင်းတစ်ခုအဖြစ်နဲ့ အောင်ပွဲရသည်အထိ တော်လှန်တိုက်ပွဲဝင်သွားမယ့်အကြောင်း မိဘပြည်သူအပေါင်းကို တိုင်တည်သစ္စာ ပြု” ပါတယ်လို့ သူတို့က ပြောပါတယ်။