Spread the love

ရန်ကုန်၊ သြဂုတ် (၈)

ရိသ္ခာသယ်ယူပြီး ပြန်လည်တဲ့ စစ်ကောင်စီ အမြန်ရေယာဉ်ကို မုံရွာခရိုင်တပ်ရင်း ၅- Aung San Force က လျှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် သိရပါတယ်။

မနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝရွာ ကနေ ရိက္ခာများသယ်ယူကာ မုံရွာဘက်ကို ပြန်တက်လာတဲ့ စစ်ကောင်စီ အမြန်ရေယာဉ်တစ်စင်းကို မုံရွာမြို့နယ် ချင်းတွင်းမြစ်တစ်နေရာ အရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ယင်းတိုက်ခိုက်မှုကြောင့် အမြန်ယာဉ်ပေါ်ပါ စကစ တပ်သားများ အထိအခိုက်များကြောင်း ဒေသခံ ပြည်သူအချို့မှ သတင်းပေးထားပါတယ်။ စကစ တပ်သား အကျအဆုံးနဲ့ ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးပါ။ အမြန်ယာဉ်ပေါ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်ငြား ပြည်သူ့ရဲဘော်လေးများ ထိခိုက်မှု တစုံတရာမရှိခဲ့ပါ။” ဘူးလို့ သူတို့ အဖွဲ့ရဲ့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။