Spread the love

ရန်ကုန်၊ သြဂုတ် (၁၈)

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ လက်တွေ့ကျကျ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကို သုံးသပ်ဆောင်ရွက်ရန် လိုအပ်တယ်လို့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyze နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံချိန်က သူက အခုလို ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံကို လာရောက်တဲ့ အခုခရီစဉ်အတွင်း “ဆိုးရွားနေတဲ့ အခြေအနေနဲ့ အရေးတကြီးဆောင်ရွက်ရမယ့် စိုးရိမ်စရာကိစ္စတွေကို ဖြေရှင်းဖို့ အာရုံစိုက်သွားမယ်” လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာ ဟာ နိုင်ငံရေးရပ်ဝန်းမှာ ပါဝင်ဆောင်ရွက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ လူ့အသိုက်အဝန်းတွေနဲ့ ကျယ်ပြန့်စွာ ညှိနှိုင်းဆွေးနွေးဖို့ မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။

နိုလင်းဟေဇာကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။