Spread the love

CDM ဝန်ထမ်းတွေကြောင့် နိုင်ငံတော်အခွန်ငွေ ပြည့်ဝစွာ မရရှိပဲ ခက်ခဲစွာ ဖြတ်ကျော်နေရတယ်လို့ စစ်ခေါင်းဆောင် ပြော

ရန်ကုန်၊ သြဂုတ် (၂၃)

CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကြောင့် အစိုးရရဲ့ လုပ်ငန်းတွေ ထိခိုက်ခဲ့လို့ နိုင်ငံအခွန်ငွေ ပြည့်ဝွာ မရှိပဲ ပုံမှန်လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေသာ ဆောင်ရွက်ပြီး ခက်ခဲစွာ ဖြတ်ကျော်နေရတဲ့လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောပါတယ်။

“မည်သို့ပင်ဖြစ်စေ မိမိတို့အစိုးရအနေဖြင့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှား ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရာတွင် လုပ်ငန်း များအဆင်ပြေစေရန်နှင့် လူမှန်နေရာမှန်ဖြစ်စေရန်အတွက် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခင်ကာလများအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် အကြီးအကဲများအားလုံးကိုလည်း ကျေးဇူးတင်ရှိ” ပါတယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ သူက အခုလို ပြောဆိုခဲ့တာပါ။

ပြည်သူလူထုတွေနဲ့ အခက်အခဲ ဖြစ်ပွားချိန်မှာ အကူအညီများပေးခဲ့တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ နဲ့ မိတ်ဆွေနိုင်ငံတို့ကို ကျေးဇူးတင်ရှိပြီး တခြားနိုင်ငံတွေ အနေနဲ့ အထိုက်အလျောက် ကူညီမှုတွေ၊ မိမိတို့အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ တခြားနိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နဲ့ မိတ်ဝတ်မပျက်ဆက်ဆံရေးတွေနဲ့ ဆက်ဆံ ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့ပါတယ်။

“တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီများ၊ ပြည်နယ် အတိုင်ပင်ခံကောင်စီများနှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု အခြေအနေများ အချိတ်အဆက်မိမိနှင့် ဆောင်ရွက်ရန် လိုအပ်လာပါကြောင်းနှင့် လက်နက်တပ်ဆင်နိုင်ရေး တောင်းဆိုချက်များ အပါအဝင် တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ပါ ဆွေးနွေး တောင်းဆိုလာကြပြီ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍတွင်လည်း ဒေသတစ်ခုနှင့်တစ်ခု လိုအပ်ချက်နှင့် ဆောင်ရွက်နိုင်မှုတို့ ကွာခြားသဖြင့် မြေပြင်နှင့် ချိတ်ဆက်ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ထို့အပြင် ဝန်ကြီးဌာနများအကြား ပူးပေါင်းချိတ်ဆက်မှု ပိုမိုခိုင်မာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကိုလည်း အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါ” တယ်လို့ သူက ပြောပါတယ်။