Spread the love

ရန်ကုန်၊ စက်တင်ဘာ (၂၂)

အုပ်ချုပ်ရေးမှူးတွေကိုယ်စား မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ်၊ ပန်းတိုင်းခြုံ ကျေးရွာအုပ်စု၊ ပန်းတိုင်းခြုံရွာ၊ အရှေ့ဘုန်းကန်ရွာ နဲ့ မြောက်လူးကန်ရွာ စုစုပေါင်း ကျေးရွာ (၃) ခုအတွင်းက ရပ်ကွက်ရုံးကိစ္စတွေကို စီစဉ်ဆောင်ရွက်ပေးနေဲ့ ဒေါ်မြင့်ခင် ကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် သတိပေးခဲ့ပြီး ဖြစ်တယ်လို့ Young Force-UG က ပြောပါတယ်။

“အထောက်အထား ခိုင်လုံသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းမျည်း စည်းကမ်းများနှင့်အညီ အသက်အရွယ်အား ထောက်ထားငဲ့ညှာခြင်း၊ကျန်ရစ်မည့် မိသားစု အခြေအနေများအား ငဲ့ညှာခြင်းများကြောင့်
အသိပေးစကားများ ပြောကြားကာ ရဲဘော်များမှ ပြန်လည် ထွက်ခွာလာခဲ့ပြီး ငွေကြေးတစ်စုံတရာမျှ သိမ်းယူခဲ့ခြင်း အလျဉ်း မရှိခဲ့ကြောင်း” အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ နေ့လည်ပိုင်းက ဒေါ်မြင့်ခင် ကို UG အဖွဲ့က ဝင်ရောက် ထိန်းသိမ်းကာ စစ်ကောင်စီ ယန္တရား လည်ပတ်စေဖို့ ထောက်ခံစားတွေ၊ ဧည့်စာရင်းတွေ ပြုလုပ်ပေးတာ၊ ကိုယ်စား ငွေတောင်းခံတာတွေ ဆက်လက်မပြုလုပ်ဖို့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် အဖြစ် သတိပေးတားမြစ်ခဲ့ဖြစ်ပါတယ်။

“ရုံးလုပ်ငန်းများနှင့်ဆိုင်သော စာရွက်စာတမ်းများအား သိမ်းဆည်းကာ ဆက်လက်စုံစမ်းရန် ဖုန်း(၁)လုံးကိုလဲ သိမ်းဆည်းကာ အချက်အလက်များ စိစစ်ပြီးပါက ပြန်လည်ပေးအပ်ရန်သင့်ပါအပ် ပြန်ပေးပါမည်။” လို့ သူတို့အဖွဲ့က ပြောပါတယ်။