Spread the love

ရန်ကုန်၊ စက်တင်ဘာ (၂၂)

ဝမ်းစာအတွက် ပြည်သူတွေဆီက အလှူခံမှာ မဟုတ်သလို အလှူငွေတွေကို လက်နက်ခဲယမ်းတွေအတွက်သာ အသုံးပြုတာဖြစ်တယ်လို့ ဗိုလ်သူရိန် တပ်ဖွဲ့ ယင်းမာပင် PDF ကပြောပါတယ်။

“ကျွန်တော်တို့ ဗိုလ်သူရိန်တပ်ဖွဲ့ဟာ ဝမ်းစာအတွက် ပြည်သူတွေဆီက မမျှော်လင့်ပါဘူး ပြည်သူတွေလည်း ရှာစားရတာ မလွယ်ဘူး။
နေထိုင်ရတဲ့ နယ်မြေပေါ်မူတည်ပြီး ရတဲ့အလုပ် ရှိတဲ့အလုပ်လုပ်တယ်။ ထင်း ခုတ်တယ် မြေပဲဆွတ်မယ် စပါးရိတ်မယ် စသဖြင့်ပေါ့
ပြည်သူတွေဆီက ရတဲ့ အလှူငွေ အကုန်လုံးတော့ လက်နက် ခဲယမ်းအတွက်ပဲ အသုံးပြုပါတယ်။” ဒီနေ့ နေ့လည်ပိုင်းက သူတို့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ရဲဘော်တွေအနေနဲ့ အစားအသောက် အနေအထိုင် ဖြစ်သလို နေတက်စားတတ်ပေမယ့် တိုက်ပွဲသွားရင် လက်နက်ခဲယမ်း ပြည့်စုံချင်တာကြောင့် ပြည်တွင်းဖြစ် လက်နက်ခဲယမ်း ရသလောက်စုနေတယ်လို့ သူတို့က ပြောပါတယ်။

“အဓိက က ရေရှည်တိုက်ပွဲ ဖြစ်တာကြောင့် ကျွန်တော်တို့ တက်နိုင်တဲ့ ပြည်တွင်းဖြစ်လက်လုပ် ဖောက်ခွဲရေး ပစ္စည်းတွေပဲ များပါတယ်” လို့ သူတို့က ပြောပြပါတယ်။