Spread the love

ရန်ကုန်၊စက်တင်ဘာ(၂၃)

ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်-မြတောင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်မှာ မိုင်းနှစ်လုံးဖောက်ခွဲ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူစာရင်း မသိရသေးဘူးလို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“မနက်(၆)နာရီလောက်မှာ ပေါက်ကွဲသံအကျယ်ကြီး နှစ်ခါကြားရတယ်၊ လူနာတင်ကားတွေ၊ မီးသတ်ကားတွေ ဥသြဆွဲပြီး အမြန်မောင်းသွားတာ တွေ့ရတယ်၊ ထိတဲ့လူတော်တော်များတယ်လို့ပဲ သိရသေးတယ်၊ အဲ့ဂိတ်က ငွေတောင်းကြမ်းလို့ လူပြောများနေတာ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကို ထီးချိုင့်မြို့နယ်အခြေစိုက် Special.9-HPDF အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ်အခြေအနေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှာလည်း ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံအနီးမှာ စက်သေနတ်ပါ စစ်ကားတစ်စီးကို Myataung.GZ-HPDF မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။